အခမ်းအနားကို ၀ါခေါင်လကွယ်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ
Sunday, 2 September 2012
သွေးသစ်ကျောင်းတွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားပြုလုပ်
အခမ်းအနားကို ၀ါခေါင်လကွယ်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ
အမေများနေ့အခမ်းအနား သွေးသစ်ကျောင်းတွင် ကျင်းပပြုလုပ်
သြဂုတ်လ ၁၂ ရက်နေ့သည် ထိုင်းဘုရင်၏ မိဘုရားကြီး မွေးနေ့ ဖြစ်ပေသည်။
ထိုနေ့အား အမေများနေ့ အဖြစ်သတ်မှတ်ကာ ထိုင်းနိုင်ငံရှိကျောင်းများ၊ ရွေ့ပြောင်းကျောင်းများတွင်လည်း
အခမ်းအနားများ ပြုလုပ်လေ့ရှိသည်။
မဲဆောက်၊ နောင်ဘွားရှိ ကျွန်တော့်ကျောင်းကလေးတွင်လည်း
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စီမံကိန်း (IMPACT)နှင့်ပူးပေါင်းကာ နောင်ဘွားရွာမှ ရပ်မိရပ်ဖများ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများ
နှင့်အတူ တပျော်တပါး အောင်မြင်စွာ ကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ် ၁၂ ခုဖြင့် ကျင်းပရာ ကျောင်းအုပ်ဆရာကြီး
ထိုင်းနိုင်ငံ မဲဆောက်ရှိ ပညာရေးအမည်ခံ စားဖားကြီးများ၏ ရိုက်ချက်
ကိုယ်ထူကိုယ်ထဖွင့်လှစ်ကြသည့်ကျောင်းများ များစွာရှိပါသည်။
တစ်ဦးချင်းအလှူရှင်များ ၊ အဖွဲ့အစည်းလိုက် လာရောက်လှူဒါန်းကြသည်များအပေါ် မှီခို၍ ကျောင်းများ ရပ်တည်ကြပါသည်။
Saturday, 1 September 2012
စေတနာထားမှာလားဝေဒနာပေးမှာလား
စစ်ဖိနပ်အောက်မှ လွတ်သယောင်ဖြစ်နေဆဲ ယခုလို ကာလမျိုးတွင် အိပ်မက်ဆိုးများ မက်လာလိမ့်မည်ဟု မယုံကြည်ခဲ့ပါ။ သို့သော်လည်း အိပ်မက်မဟုတ်တော့ဘဲ ဖြစ်ရပ်ဆိုးများကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လဲ သမတကြီးဦးသိန်းစိန်၏လုပ်ရပ်များကို ကြိုဆိုပါသည်။ လုပ်ဆောင်နေချက် များကို လက်ခုပ်သြဘာပေးပါသည်။ သို့ပေမဲ့ နှစ်ပေါင်းများစွာ အကျင့်စာရိတ္တဖောက်ပြန်မှုများ၊ ရှင်းရှင်း လင်းလင်းပြောရသော် တိုင်းပြည်အတွက်ဟု အသံကောင်းဟစ်ပြီးကိုယ်ကျိုးစီးပွား သက်သက်သာရှေ့ရှုခဲ့ သည့်တပ်မတော်ခေါင်းဆောင်ဟောင်းကြီးများအပေါ်မျက်စိမှိတ်ယုံကြည်ဖို့ဆိုသည်မှာအင်မတန်ခဲယဉ်း သော ကိစ္စဖြစ်ပေသည်။
ကတိတွေအထပ်ထပ်ပေးပြီး လက်တွေ့မဆန်သောလုပ်ရပ်များကို အကြိမ်ကြိမ် အဖန်ဖန် ကြားခဲ့ရ ၊ကြုံခဲ့ ရသောပြည်သူများသည် တစ်တက်စားလဲကြက်သွန်၊နှစ်တက်စားလဲ ကြက်သွန်ဖြစ်နေသည့်အတွက် ထုသားပေသားလဲကြနေပေပြီ။မိမိတို့၏အစိုးရသက်တမ်းတွင် ပြုပြင်ပြောင်းလဲမှုများကိုမနားတမ်းဖော်ဆောင်
ပါ့မယ်ဟု ပြောကြားရင်း နိုင်ငံတကာမှယုံကြည်မှုကိုအရယူနေသည်ကိုလည်းမျက်ခြေမပြတ်လေ့လာတွေ့ ရှိနေပါသည်။
ကြည့်လုပ်ကြပါအုန်း
ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌဒေါက်တာ
ချမ်းငြိမ်းမှနေ၍ တက္ကသိုလ်ပညာရေးဥပဒေကြမ်းတင်သွင်းမတဲ့။
ကောင်းလေစွ။ကောင်းလေစွ။
အပေါ်ပိုင်းပြင်ဆင်မှုကို တော်တော်စိတ်ဝင်စားကြတယ်နော်။
ကျောင်းသားဝိညာဉ်ဆိုတာ
Aung Moe Win aung_m_win@yahoo.com
ကနေဒါနိုင်ငံရဲ့ ကွစ်ဘက် ပြည်နယ် မှာ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်ပွားနေခဲ့တာ သုံးလကျော် ကြာမြင့်ခဲ့ပြီ။ တက္ကသိုလ်တွေမှာ ပညာရေးစရိတ်ကို ၈၂ ရာခိုင်နှုန်းကျော် မြှင့်လိုက်တဲ့ အတွက် ကျောင်းသားတွေ ဒေါသထွက်ခဲ့ကြတယ်။ တချို့က အလုပ်လက်မဲ့ဖြစ်နေတဲ့ အတွက်၊ ကျောင်းကြွေးတွေကို ပြန်မဆပ်နိုင်ခဲ့ဘူး။ ထူးခြားတာက သုံးလကျော် ကြာမြင့်လာ တဲ့ ကျောင်းသား လှုပ်ရှားမှုအကြောင်းကို ကနေဒါနိုင်ငံရဲ့ နာမည်ကြီး သတင်းမီဒီယာတွေက ထုတ်ဖေါ် မပြောဆိုခဲ့ကြဘူး။ ကော်ပိုးရေးရှင်းတွေ ပိုင်ဆိုင်တဲ့ သတင်းမီဒီယာ ကြီးတွေက ကျောင်းသားတွေ
အလှူငွေ လျော့ချမှုကြောင့် နယ်စပ်ဘော်ဒါဆောင်ကျောင်းများ ပိတ်ရနိုင်
အလှူရှင်တွေ အလှူငွေလျော့ချဖြတ်တောက်မှုရဲ့ အကျိုးဆက်အဖြစ် ထိုင်းမြန်မာနယ်စပ်တလျောက် ဘော်ဒါဆောင်ကျောင်းတွေက ရွေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စားသောက်နေထိုင်ရေး မရေမရာဖြစ်မှုနဲ့ကြုံတွေ့နေရသလို တချို့ကျောင်းတွေ ပိတ်ရဖွယ် ရှိနေပါတယ်။
အလှူရှင် တွေ နည်းသွားတာကြောင့် ကရင်ပြည်နယ် တဖက်ကမ်း ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်၊ ဖိုးဖရ၊ မယ်ရမ၊ အုန်ဖန် မြို့နယ်တွေမှာရှိတဲ့ ဘော်ဒါဆောင်ထား ရွေ့ပြောင်းမြန်မာကျောင်း ၃၀ ကျောင်း အခက်အခဲ ကြုံနေကြရတာပါ။
Subscribe to:
Posts (Atom)


