Sunday, 2 September 2012

သွေးသစ်ကျောင်းတွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားပြုလုပ်


ပြည်ထောင်စုဖွား တိုင်းရင်းသားဖြစ်သည့် ကရင်ရိုးရာ လက်ချည်ပွဲ တနည်းအားဖြင့် ချည်ဖြူဖွဲ့ မင်္ဂလာ
အခမ်းအနားကို ၀ါခေါင်လကွယ်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ

အမေများနေ့အခမ်းအနား သွေးသစ်ကျောင်းတွင် ကျင်းပပြုလုပ်



သြဂုတ်လ ၁၂ ရက်နေ့သည် ထိုင်းဘုရင်၏ မိဘုရားကြီး မွေးနေ့ ဖြစ်ပေသည်။
ထိုနေ့အား အမေများနေ့ အဖြစ်သတ်မှတ်ကာ ထိုင်းနိုင်ငံရှိကျောင်းများ၊ ရွေ့ပြောင်းကျောင်းများတွင်လည်း
အခမ်းအနားများ ပြုလုပ်လေ့ရှိသည်။
မဲဆောက်၊ နောင်ဘွားရှိ ကျွန်တော့်ကျောင်းကလေးတွင်လည်း


ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စီမံကိန်း (IMPACT)နှင့်ပူးပေါင်းကာ နောင်ဘွားရွာမှ ရပ်မိရပ်ဖများ၊ ကျောင်းသားများ၊ ကျောင်းသားမိဘများ
နှင့်အတူ တပျော်တပါး အောင်မြင်စွာ ကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ် ၁၂ ခုဖြင့် ကျင်းပရာ ကျောင်းအုပ်ဆရာကြီး

ထိုင်းနိုင်ငံ မဲဆောက်ရှိ ပညာရေးအမည်ခံ စားဖားကြီးများ၏ ရိုက်ချက်


ထိုင်းနိုင်ငံအတွင်းရောက်ရှိလာသည့်ရွေ့ပြောင်းကလေးများ၏ အနာဂါတ်အဆင်ပြေချောမွေ့စေရေးအတွက်
ကိုယ်ထူကိုယ်ထဖွင့်လှစ်ကြသည့်ကျောင်းများ များစွာရှိပါသည်။
တစ်ဦးချင်းအလှူရှင်များ ၊ အဖွဲ့အစည်းလိုက် လာရောက်လှူဒါန်းကြသည်များအပေါ် မှီခို၍ ကျောင်းများ ရပ်တည်ကြပါသည်။

Saturday, 1 September 2012

စေတနာထားမှာလားဝေဒနာပေးမှာလား





 စစ်ဖိနပ်အောက်မှ လွတ်သယောင်ဖြစ်နေဆဲ ယခုလို ကာလမျိုးတွင် အိပ်မက်ဆိုးများ မက်လာလိမ့်မည်ဟု မယုံကြည်ခဲ့ပါ။ သို့သော်လည်း အိပ်မက်မဟုတ်တော့ဘဲ ဖြစ်ရပ်ဆိုးများကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရပါပြီ။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လဲ သမတကြီးဦးသိန်းစိန်၏လုပ်ရပ်များကို ကြိုဆိုပါသည်။ လုပ်ဆောင်နေချက် များကို လက်ခုပ်သြဘာပေးပါသည်။ သို့ပေမဲ့ နှစ်ပေါင်းများစွာ အကျင့်စာရိတ္တဖောက်ပြန်မှုများ၊ ရှင်းရှင်း လင်းလင်းပြောရသော် တိုင်းပြည်အတွက်ဟု အသံကောင်းဟစ်ပြီးကိုယ်ကျိုးစီးပွား သက်သက်သာရှေ့ရှုခဲ့ သည့်တပ်မတော်ခေါင်းဆောင်ဟောင်းကြီးများအပေါ်မျက်စိမှိတ်ယုံကြည်ဖို့ဆိုသည်မှာအင်မတန်ခဲယဉ်း သော ကိစ္စဖြစ်ပေသည်။
ကတိတွေအထပ်ထပ်ပေးပြီး လက်တွေ့မဆန်သောလုပ်ရပ်များကို အကြိမ်ကြိမ် အဖန်ဖန် ကြားခဲ့ရ ၊ကြုံခဲ့ ရသောပြည်သူများသည် တစ်တက်စားလဲကြက်သွန်၊နှစ်တက်စားလဲ ကြက်သွန်ဖြစ်နေသည့်အတွက် ထုသားပေသားလဲကြနေပေပြီ။မိမိတို့၏အစိုးရသက်တမ်းတွင် ပြုပြင်ပြောင်းလဲမှုများကိုမနားတမ်းဖော်ဆောင်
ပါ့မယ်ဟု ပြောကြားရင်း နိုင်ငံတကာမှယုံကြည်မှုကိုအရယူနေသည်ကိုလည်းမျက်ခြေမပြတ်လေ့လာတွေ့ ရှိနေပါသည်။

ကြည့်လုပ်ကြပါအုန်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMME6nm97Pu4MDvEqt0B_1miQwJVfpndsYwqbN7pZQM83PRzq0UI9hHqMtORgz78ztHVhuX_Ro__U1cpVI-o7dV5ywK2FfoBLHKZ4UYEfuZ4jFfXMypV5eGOLC2gr4tP2abY0o_omCDdh2/s1600/1840's_family_bible_before_small.jpg



ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌဒေါက်တာ
ချမ်းငြိမ်းမှနေ၍ တက္ကသိုလ်ပညာရေးဥပဒေကြမ်းတင်သွင်းမတဲ့။ 
 ကောင်းလေစွ။ကောင်းလေစွ။
အပေါ်ပိုင်းပြင်ဆင်မှုကို တော်တော်စိတ်ဝင်စားကြတယ်နော်။

ကျောင်းသားဝိညာဉ်ဆိုတာ




Aung Moe Win aung_m_win@yahoo.com

ကနေဒါနိုင်ငံရဲ့ ကွစ်ဘက် ပြည်နယ် မှာ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်ပွားနေခဲ့တာ သုံးလကျော် ကြာမြင့်ခဲ့ပြီ။ တက္ကသိုလ်တွေမှာ ပညာရေးစရိတ်ကို ၈၂ ရာခိုင်နှုန်းကျော် မြှင့်လိုက်တဲ့ အတွက် ကျောင်းသားတွေ ဒေါသထွက်ခဲ့ကြတယ်။ တချို့က အလုပ်လက်မဲ့ဖြစ်နေတဲ့ အတွက်၊ ကျောင်းကြွေးတွေကို ပြန်မဆပ်နိုင်ခဲ့ဘူး။ ထူးခြားတာက သုံးလကျော် ကြာမြင့်လာ တဲ့ ကျောင်းသား လှုပ်ရှားမှုအကြောင်းကို ကနေဒါနိုင်ငံရဲ့ နာမည်ကြီး သတင်းမီဒီယာတွေက ထုတ်ဖေါ် မပြောဆိုခဲ့ကြဘူး။ ကော်ပိုးရေးရှင်းတွေ ပိုင်ဆိုင်တဲ့ သတင်းမီဒီယာ ကြီးတွေက ကျောင်းသားတွေ

အလှူ​ငွေ ​လျော့​ချမှု​ကြောင့်​ နယ်စပ်​ဘော်ဒါ​ဆောင်​ကျောင်း​များ​ ပိတ်ရနိုင်



 အလှူရှင်​တွေ အလှူ​ငွေ​လျော့ချဖြတ်​တောက်မှုရဲ့​ အကျိုးဆက်အဖြစ် ထိုင်းမြန်မာနယ်စပ်တလျောက်   ​ဘော်ဒါ​ဆောင်​ကျောင်း​တွေက ​ရွေ့​ပြောင်းမြန်မာက​လေး​ငယ်​တွေရဲ့​ စား​သောက်​နေထိုင်​ရေး​ မ​ရေမရာဖြစ်မှုနဲ့​ကြုံ​တွေ့​နေရသလို တချို့​ကျောင်း​တွေ ပိတ်ရဖွယ် ရှိ​နေပါတယ်။
အလှူရှင် ​တွေ နည်း​သွား​တာ​ကြောင့်​ ကရင်ပြည်နယ် တဖက်ကမ်း​ ထိုင်း​နိုင်ငံ တာ့​ခရိုင် မဲ​ဆောက်၊​ ဖိုး​ဖရ၊​ မယ်ရမ၊​ အုန်​ဖန်​ မြို့​နယ်​တွေမှာရှိတဲ့​ ​ဘော်ဒါ​ဆောင်ထား​ ​ရွေ့​ပြောင်းမြန်မာ​ကျောင်း​ ၃၀ ​ကျောင်း အခက်အခဲ ကြုံ​နေကြရတာပါ။

တက်တက်ကြွကြွ စိုက်ကြ၊မွေးကြ



ကျောင်းဝန်း အတွင်းနေရာ လွတ်
မကျန် စိုက်ပျိုးခြင်းအားဖြင့် နေ့စဉ်
ဟင်းလျာအဖြစ်၎င်း၊ အရေးပေါ်ဟင်း
အဖြစ်၎င်း၊ ဇာတ်လိုက်ကျော် မောင်
ကန်စွန်းပင်များ စိုက်ပျိုးရေးအတွက်
တက်ညီလက်ညီ မမောမပန်း မြေ

နှုတ်ဆက်ပွဲ



မြန်မာပြည်၏ ဒုက္ခသည် တစ်မျိုးဖြစ်သော ရွေ့ပြောင်း အလုပ်သမား များအတွက် တစ်နိုင်တစ်ပိုင်ဖွင့်လှစ်ထားသည့် ရွေ့ပြောင်းကျောင်း များတွင် နိုင်ငံတကာမှ ဆရာဆရာမများစေတနာဝန်ထမ်း အချိန်ပိုင်း လာရောက်သင်ကြားပေးကြပါသည်။ ကျွန်တော်တို့သွေးသစ်ကျောင်းသို့လည်း လာရောက်ပြီး အင်္ဂလိပ်စာ အရေးနှင့်အပြောကို သင်ကြားပေးသည်မှာ တတိယအကြိမ် ပင်ပြီးစီးပေပြီ။ 

ကွန်တော်တို့ကျောင်းလေးအသက်ငင်နေတယ်



မြန်မာနိုင်ငံတော်ကြီး ပြန်လည်ထူထောင်ဖို့သမတဦးသိန်းစိန်နှင့်အဖွဲ့ဝင်များအင်တိုက်အားတိုက်နှင့် ကြိုးစား
နေသည်ဟု နိုင်ငံတကာမှ မျှော်လင့်ချက်ကြီးမားစွာဖြင့်ယုံစားနေစဉ် ကျွန်တော်တို့မှာတော့သောင်ပြင်လွှတ်
တဲ့ဘာကောင်လေးတွေမှန်းမသိဖြစ်နေရပါတယ်။
 

သွေးသစ်ကျောင်း

သွေးသစ်ကျောင်းကို ၂၀၀၃ခုနှစ်တွင် စတင်ဖွင့်လှစ်စဉ်မှ ယနေ့တိုင်အောင် ကျောင်းသားများသည် 
ယုတ်လျော့သွားခြင်းမရှိပဲ နှစ်စဉ်တိုးတက်များပြားလျှက်ရှိပါသည်။

ကျောင်းတည်ထောင်စ၂၀၀၃-၂၀၀၄ခုနှစ်များ တွင်ကလေးများပညာသင်ကြားရေး အတွက် အလှူရှင်များရှိသော်လည်း ယနေ့အချိန်တွင်
ကမ္ဘာ့စီးပွားရေးကပ်နှင့်မြန်မာနိုင်ငံအပြောင်း
အလဲကြောင့်အလှူရှင်များနည်းပါးလာသည်။
ကျောင်းသားများနှင့်ကျောင်းသားမိ ဘ များ၏ စီးပွားရေး၊ ကျန်းမာ ရေးနှင့်လူ မှုရေးပြဿနာ များကိုတတ်အားသ၍၀ိုင်းဝန်းဖြေရှင်းပေးနိုင် သဖြင့်ပြဿနာများ တဖြည်းဖြည်း
လျော့နည်းလာသည်။

အာဇာနည်နေ့အခမ်းအနားပြုလုပ်ခြင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtztQONniMckQTLfA7B8CNrzpLAzdAifPQALfRae1Yv1hMcF9ZDWa2yTR3vOW_nebutYBGAc3lFgJd4W9pFSokPfudprFpXBV2wdcWxDf1fM30RrtJFJkb-tzJ66t9nhyPcKmPbpVKLtXv/s320/2.JPG
အာဇာနည်နေ့အကြိုဟောပြောပွဲအခမ်းအနားအကျဉ်းသွေးသစ်ကျောင်းတွင်ပြုလုပ်
ကျွန်တော်တို့ကျောင်းလေးတွင်အာဇာနည်နေ့အောင်းမေ့ဖွယ်အခမ်းအနားကို အစီအစဉ် (၅)ခုဖြင့် နေ့လည် ၂ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားအစီအစဉ်များမှာ (၁) အာဇာနည်နေ့အကြောင်းမိတ်ဆက်ခြင်း (၂) ကျောင်းအုပ်ဆရာကြီးဦးဇော်လွင်ဦးမှ သူ့ခေတ်သူ့အခါကအာဇာနည်နေ့အကြောင်းဟောပြောခြင်း(၃) ဆရာဦးငြိမ်းမှ အာဇာနည်ဆောင်ပုဒ်များကိုပြောကြားခြင်းနှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းသီချင်း သီဆိုပြခြင်း (၄) ဆရာဦးသန့်စင်မှ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး