ပြန်သူများပြန်၍လာသူများ လာကြသည်။ ၀မ်းနည်းရ သည်မှာကတစ်ခုတည်းမဟုတ်၊ရွေ့ပြောင်းကလေးများအတွက်တင်မဟုတ်၊အမိမြန်မာပြည်အတွင်းရှိကျောင်း သားများအတွက်ပါ ၀မ်းနည်းရပါသည်။ ကျွန်တော်တို့ ပြည်တွင်းတွင် နိုင်ငံခြားသားနှင့်သင်ဖို့ဆို လျှင်တော်တော်မလွယ်သည့်ကိစ္စ၊ပေးဆပ်ရင်းနှီးလိုက်ရမည့်ငွေ၊ဆင်းရဲသားများအိပ်မက်တောင်ထည့်မမက်ရဲ၊ အခုတော့ ဒီလိုဒေသမျိုးမှာ လာရောက်သင်ကြားပေးနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရသောအခါ ဒီလိုမျိုး ပြည်တွင်းမှာရှိလျှင်ဆိုသည့် စိတ်ကူးလေးပေါက်လာတုန်း အထောက်အပံ့ငွေဖြတ်မယ် ဆိုတော့ ကျောင်းလေးဆက်လက်ရပ်တည်ဖို့ အင်း အတတ်နိုင်ဆုံးတော့ ကြံ့ကြံ့ခိုင်ကြည့်ရမှာပေါ့နော်။
ကျွန်တော်မီလိုက်တာ Mr Ian အင်္ဂလန်နိုင်ငံသား၊ တက္ကသိုလ်ကျောင်းသား၊ နောက်တစ်ယောက်က Mr Tyar အမေရိကန်နိုင်ငံသား၊ M.A (History) သူတို့ပြန်ကြချေပြီ။ကျေးဇူးတင်ပါတယ်ခင်ဗျား၊ အမှတ်တရ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။
No comments:
Post a Comment