အာဇာနည်နေ့အကြိုဟောပြောပွဲအခမ်းအနားအကျဉ်းသွေးသစ်ကျောင်းတွင်ပြုလုပ်
ကျွန်တော်တို့ကျောင်းလေးတွင်အာဇာနည်နေ့အောင်းမေ့ဖွယ်အခမ်းအနားကို အစီအစဉ် (၅)ခုဖြင့် နေ့လည် ၂ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားအစီအစဉ်များမှာ (၁) အာဇာနည်နေ့အကြောင်းမိတ်ဆက်ခြင်း (၂) ကျောင်းအုပ်ဆရာကြီးဦးဇော်လွင်ဦးမှ သူ့ခေတ်သူ့အခါကအာဇာနည်နေ့အကြောင်းဟောပြောခြင်း(၃) ဆရာဦးငြိမ်းမှ အာဇာနည်ဆောင်ပုဒ်များကိုပြောကြားခြင်းနှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းသီချင်း သီဆိုပြခြင်း (၄) ဆရာဦးသန့်စင်မှ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး
မှသည် ငြိမ်းချမ်းသောပြည်ထောင်စုသစ်သို့ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း (၅) အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
ကိုယ့်မြေကိုယ့်ရေပေါ်တွင် အခမ်းအနားကျင်းပရန်ခက်ခဲလွန်းနေသည့်အချိန်တွင် ဖြစ်သည့်နေရာတွင် ရသည့်အချိန်ကို ယူကာ အမျိုးသားရေးတာဝန်ကို တဖက်တလမ်းမှ ကျေပွန်အောင် မျိုးဆက်သစ်ကလေးများကို ဖြန့်ဝေသကဲ့သို့ ပြည်တွင်းတွင်လည်း အခမ်းအနားများအောင်မြင်စွာ ကျင်းပနိုင်ပါစေဟု ဆန္ဒပြုရင်း
No comments:
Post a Comment